Monday, October 19, 2015

ဂျပန်စာ လေ့လာလိုသူများအတွက်....

Japanese စတင်ပြီးလေ့လာသူတွေအတွက် website ကောင်းလေးပါ
မြန်မာဘာသာဖြင့်လည်း နားဆင်နိုင်ပါတယ် mp3 files နဲ့ ebookတွေပါ free download ရနိုင်ပါတယ်..

www.nhk.or.jp

Top 10 Free Proxy Server List 2015:

Top 10 Free Proxy Server List 2015:
ကဲ Proxy ပိတ်ထားတဲ့ wbsite တွေကို ကျော်ခွကြည့်ကြရအောင်နော် ..... :-D

1.FilterByPass
2.Unlock My Web
3.Proxy Site
4.Hide My Ass
5.Proxify(3 days trial)
6.Free YouTube Proxy
7.Proxy
8.England Proxy
9.Unblocker
10.Fast USA Proxy


Monday, September 28, 2015

Health

အားကစားလုပ်၍ ခါးနာသွားသည်ဖြစ်စေ၊ ကွန်ပျူတာရှေ့ အထိုင်များပြီး ခါးနား၍ ဖြစ်စေ အောက်ပါလက်တွေ့ ပျောက်ကင်းစေနိုင်သည့် သဘာဝဆေးနည်းလေးကို စမ်းသပ်နိုင်ကြပါတယ်။

၁။ အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးလိုက်ပါ။

၂။ ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အ၀တ်သန့်သန့်ဖြင့် အာလူးများ ခွါမသွားအောင် စည်းပေးထားပါ)။

မနက်အိပ်ယာထတဲ့အချိန် ၄င်းအာလူးများကို ခွါလိုက်လျှင် ခါးနာဝေဒနာကို ယူပစ်လိုက်သလို ပျောက်ကင်းသွားပါလိမ့်မည်။

---------------
ကြက်သွန်ဖြူခတ်၍ နေ့,ည သောက်ပေးပါကမိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ် ဖျားခြင်းတို့ကိုပျောက်ကင်းစေပါတယ်

(2) ဆီးေ၇ာဂါအတွက်
ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ)ကိုအမှုန့်ပြုပြီး နေ့စဉ်သကြားနှင့်
ေ၇ာသောက်ပေးပါက ဆီးရောဂါကို ပျောက်ကင်းစေနှိင်ပါတယ်။

ခေါင်းအုံ၊ ဇက်လေး

ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။

ပန်းသေပန်းညှိုး

ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
=================
တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
(၁) ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း

တလည်းသီးကို မှီဝဲပေးမယ် ဆိုရင် ရင်သားကင်ဆာဖြစ်စေမယ့် ဆဲလ်များကို တိုက်ဖျက် ပေးနိုင်ပါတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးများ စားသင့် ပါတယ်။

(၂) အဆုတ်ကင်ဆာအတွက် ကောင်းမွန်ခြင်း

လေ့လာမူတွေအရ တလည်သီးမှာ ပါဝင်သော ဓာတ်သဘာဝများဟာ
အဆုတ်ကင် ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်ပေးကြောင့် သိရပါတယ်။

(၃) အမျိုးသားလိင် ကင်ဆာအတွက် ကောင်းမွန်ခြင်း

အမျိုးသားများလည်း စားသင့်တဲ့ အသီးတစ်ခု ဖြစ်ပါတယ်။ တလည်းသီးဟာ လိင်ပိုင်း ဆိုင်ရာမှာ ဖြစ်စေတဲ့ ကင်ဆာအတွက်လည်း ကောင်းမွန်စေပါတယ်။

(၄) ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ချပေးနိုင်ခြင်း

အဝလွန်သူများ စားပေးသင့်ပါတယ်။ တလည်သီးဟာ ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။

(၅) သွေးဖိအားကို ကျဆင်းစေခြင်း

လေ့လာမူတွေအရ တလည်သီးကို ဖျော်ရည်လုပ်ပြီး တစ်နေ့တစ်ခွက်
သောက်သူများဟာ သွေးဖိအားကို ကျဆင်းစေနိုင် ပါတယ်။

Ref - enhancegeneralknowledge
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
===================

ရှောက်ရွက်ဟာ လေ မဖြတ်အောင် ကာကွယ် ပေးနိုင်တဲ့ ဆေးဆိုတာ အချို့က သိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကို မကြာခဏ မှီဝဲသုံးစွဲ ပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေး ပါတယ်။

၁။ ရှောက်ရွက် (၇) ရွက်ခန့်ကို ရေစင်အောင် ဆေးပြီး မတ်ခွက်ထဲကို ထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကို လောင်းထည့်၊ အဖုံးအုပ် ထားပြီး အေးသွားလျှင် သောက်ပေးနိုင် ပါတယ်။ တစ်ခါ စိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိ ရေထပ်ထည့်ပြီး အခါးဓါတ် မကုန်မချင်း သောက်ပေးနိုင် ပါတယ်။ (အရမ်း ခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ်ခပ်ပြီး သောက်နိုင် ပါတယ်)

၂။ ရှောက်ရွက်ကို ပါးပါးလှီးပြီး ဟင်းရည်ထဲ ထည့်သောက်နိုင် ပါတယ်။

၃။ အသုပ်မျိုးစုံ တို့ကိုလည်း ထည့်ပြီး စားနိုင်ပါတယ်။

၎။ ရှောက်ရွက်ကို အစိမ်းစားလျှင် ပိုမိုထိရောက် သည့်အတွက် ရေစိမ်သောက်တဲ့ နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲ ထည့်စားခြင်းသည် ပို၍ကောင်းမွန် ပါသည်။
===================

လေမဖြတ်အောင် ကြိုတင် ကာကွယ်နည်းနဲ့ ပတ်သက်တဲ့ ပါရမီမဂ္ဂဇင်း ဆေးမြီးတိုကဏ္ဍမှ သဘာဝ ဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက် ပါသည်။

လက်တွေ့ ပျောက်ကင်း သွားသည့် ဆေးနည်းလေးမို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လေဖြတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။

ဆေးနည်းမှာ---

၁။ ရှောက်ရွက် (၁၁)ရွက်
၂။ သကြား (၁၁)ကျပ်သား

၎င်းနှစ်မျိုးကို သန့်ရှင်း စင်ကြယ်စွာ ဆေးကြောထားသော ပုလင်းတစ်လုံး အတွင်းသို့ ထည့်၍ ၄င်းဆေး များနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀) ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁)ရက်တိတိ သောက် သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများ အမှန်တကယ် ကင်းဝေးနိုင်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)


==========
ရဲယိုရွက်ရင့်ရင့် ငါးရွက်ခန့်ကို ခပ်ကြမ်းကြမ်းလှီးပြီး
အိုးသန့်သန့်တွင်ရေချိုးခွက်ကြီးတစ်ခွက်ရေထည့်ပြီး
အဖုးံမဖုးံဘဲ ပွက်ပွက်ဆူအောင်ကျိုပါ။
အအေးခံပြီး ခေါင်းလျှော်ပါ။ တစ်ပတ်လျှင်နစ်ကြိမ်နုန်းဖြင့် တစ်လခန့်လျှော်ပါ။ ဗောက်များပျောက်ကင်းသွားပါလိမ့်မည်


မီး ဖို ချော င်ေ ဆး န ည်း များ

မိတ်ဆွေတစ်ဦးမှ ပေးပို့လာတဲ့ ဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ အများသိအောင် ပြန်လည်မျှဝေပေး လိုက်ပါတယ်။

ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ့ ပျောက်ကင်းခဲ့ပါတယ်။

သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို့ ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားလို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဒါ့ကြောင့် ဒီဆေးနည်းလေးကို ကျန်းမာရေးသတင်းများကနေ အများသိအောင် မျှဝေပေးစေချင်ပါတယ်။

ဆေးနည်းကတော့-

၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။

၂။ ကြက်ဥကို အလုံးလိုက် ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်)

၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။

၎။ ၄င်းသင်္ဘောသီးကို မီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။

၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ သင်္ဘောသီးကိုတော့ စားစရာမလိုပါ။

တစ်ပတ်ကို (၁)ကြိမ်နဲ့ (၃)ပတ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံး ဆေးနည်းလေးမို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကျန်းမာရေးသတင်းများ
===================

အစာလဲဆေး ဆေးလဲအစာ

ကန်ဇွန်းဥဟာ အာဟာရပေါကြွယ်ဝတယ်။
ဗီတာမင် စီ နှင့် အေ ပိုများတယ်။
အမြဲတမ်းစားပေးရင် ခန္ဓာကိုယ်ကို
ကျန်းမာစေပြီး အသက်ရှည်စေတယ် ။

ကန်ဇွန်းဥမှာ ဖိုင်ဘာအမျှင်များပြားစွာ
ပါဝင်လို့ အစာအိမ်နှင့် အူအတွင်း
ရွေ့ လျားမှုကို မြှင့်တင်ပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။ လိပ်ခေါင်းရောဂါ နှင့်
စအိုကွဲနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အူမကြီးကင်ဆာ နဲ့ စအိုပြွန်ကင်ဆာရောဂါတို့ကို ကာကွယ်ပေးရာမှာ အကျိုးပြုတယ်။

အနောက်နိုင်ငံ သုတေသနပြုချက်အရ ဟော်မုန်းအတုလို့ခေါ်နိုင်တဲ့ ဓာတ်တွေပါဝင်လို့ ရင်သားကင်ဆာ နဲ့ အူမကြီးကင်ဆာတို့ကို ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။

ထို့ပြင် ဝတဲ့လူတွေ အဆီချဖို့ ကန်ဇွန်းဥကိုစားသုံးနိုင်ပါတယ်။
အရိုးအဆစ်များ ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ ရောဂါကိုလည်း ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ် ။

ကန်ဇွန်းဥကို ပူနွေးစဉ် စားသုံးသင့်ပါတယ် ။
စားတဲ့နေရာမှာလဲ ဆီနဲ့တို့စားသင့်ပါတယ် ။
ကန်ဇွန်းဥမှာပါတဲ့ ဓာတ်အချို့ ဟာ ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှု အားကောင်းစေလို့ဖြစ်ပါတယ် ။
အစာအိမ်အချဉ်ပေါက်သူတွေကတော့ ကန်ဇွန်းဥက အစာအိမ်ထဲမှာ အက်စစ်လို ဖြစ်ပေါ်စေလို့ ရှောင်ကြဉ်သင့်ပါတယ် ။

ကန်ဇွန်းဥအခွံမှာ အမည်းစက် ပွင့်နေရင် ၊ အညှောင့်ပေါက်နေရင် မစားသင့်ပါ ။
အဆိပ်တက်ပါသည် ။

by-ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ
Andrew Myo Aung
===================
ဆားဝက်ခြံ တွေဟာလည်းဝက်ခြံတွေလိုပါပဲ……အဆီပိုတွေကြောင့် ဖြစ်လာရတာပါ။အဆီပိုတွေဟာ
ချွေးပေါက်ထဲမှာပိတ်မိနေပြီး ဆဲလ်အသေတွေနဲ့ ပေါင်းစပ်သွားပါတယ်။ အဲဒီကမှတဆင့် မယ်လနင်တွေ ဓာတ်တိုးပြီး မဲမဲအဆံလေးတွေအဖြစ် တွေ့မြင်ကြရတာပါ။ အဆီပြန်တဲ့အသားအရေရှိသူတွေနဲ့ ပေါင်းစပ်အသားအရေ ရှိသူတွေမှာ တွေ့ရပါတယ်။

ဆားဝက်ခြံဆိုတာဘယ်ကဖြစ်တယ်ဆိုတာသိပြီဆိုရင်သဘာဝနည်းလမ်းလေးတွေနဲ့ကာကွယ်ရအောင်

မုန်လာဥနီကိုအနှစ်ဖြစ်အောင်ကျိတ်ပြီးမျက်နှာမှာလူးပါ။ဆားဝက်ခြံတွေသိသိသာသာ ပျောက်ကင်းသွားတာ
တွေ့ရမှာ ဖြစ်ပါတယ်။

လိမ္မော်သီးအခွံကို ကျိတ်ပြီး ရေနဲ့ပျစ်ပျစ်လေး ရောမွှေ ပေးပါ။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို သုတ်လိမ်းပြီး တစ်ည ထားလိုက်ပါ။ ပျောက်ကင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပူဒီနာရွက် အရည်နဲ့ နနွင်းမှုန်ကို ရောပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို လိမ်းပေးပါ။ မိနစ် ၃ဝ လောက် ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

ဆားဝက်ခြံရှိတဲ့ နေရာမှာ သွားတိုက်ဆေး သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ခွာချလိုက်ရင်လည်း ဆားဝက်ခြံတွေ ပျောက်ကင်း သွားမှာဖြစ်ပါတယ်။

ရှားဇောင်းလက်ပတ် အစေးကလည်း ဆားဝက်ခြံကို သက်သာစေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့စေပြီး ဆားဝက်ခြံကို လျှင်မြန်စွာ ပျောက်ကင်း စေနိုင်ပါတယ်။

ကြက်ဥ အကာကို ကြေညက် အောင်ခေါက်၊ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက်နဲ့ သမအောင် မွှေပေးပါ။ မျက်နှာပေါ်လိမ်းပြီး နာရီဝက် လောက်ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာ သစ်လိုက်ပါ။

ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေရာပေါ်မှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီးရင် ဒီတိုင်းပဲထားနော်။ Moisturizer ကို ချက်ချင်းမလိမ်းရဘူး။

ပျားရည်ကိုရေနွေးနွေးဖြစ်အောင်အပူပေးပြီးဆားဝက်ခြံရှိတဲ့နေရာမှာ ၁၅-၂၀
မိနစ်ခန့်ထားပြီး ရေနွေးလေး နဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြီးအလွန်ထိရောက်မှုရှိပါတယ်။

မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနှင့် ဆတူရောစပ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ ထို့နောက် ရေနွေးလေးနဲ့ ဆေးချပါ။

အမြှပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်ကတစ်ရှုးလေးကပ်လိုက်ပါ။နာရီဝက်ဒါမှမဟုတ်ခြောက်သွားတဲ့အခါဖြေးဖြေးလေးဆွဲခွာပြီး
ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင်ရ ပြီ။

ခုပြောပြတဲ့နည်းလေးတွေကို ပုံမှန်လေးသာလုပ်သွားရင် နောက်ဆိုရင် ဆားဝက်ခြံက ဘယ်လိုလဲဆိုတာမေ့သွားမယ်နော်။
=========

အာက်ပါပုံထဲမှ အပင်ကို ဆေးကျမ်းအလိုအားဖြင့် ဒန္တသုခပင် (တောဓားပြဆေးပင်) ဟု ခေါ်ပါသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ရောက်လေရာရာအရပ်တိုင်းတွင် တွေ့မြင်ရသောအပင်ဖြစ်သည်။ ထိုအပင်၏အရွက်မှာ ဆေးခါးရွက်နှင့်တူပြီး အပွင့်မှာ ခရမ်းရောင်ပန်းလေးများဖြစ်သည်။
အပင်၏အရွယ်အစားမှာ မတူညီပဲ တစ်ထွာမှ သုံးလေးပေထိ မြင့်သည်။
ထိုအပင်ကို ရခိုင်မှဆေးပညာလေ့လာလိုက်စားသောဆရာတော်မှ လွန်ခဲ့သော(၁၀)နှစ်လောက်ကပင် ပြောပြခဲ့သဖြင့် စမ်းသပ်အသုံးပြုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့သည်။

သုံးစွဲပုံနှင့် ကုသပုံအညွန်း

၎င်းဆေးပင်ကို ခူးယူလိုက်ပါ။ ရေစင်နေအောင် ဆေးလိုက်ပါ။ ပြီးလျှင် ပါးစပ်ထဲထည့်၍ ၀ါးလိုက်ပါ။ ထွက်လာသော အရည်ကို အနာ၏ အ၀ပေါ်ကို သုတ်လိမ်းပေးပါ။ အဖတ်ကို မြိုချလိုက်ပါ။

ဆေးအစွမ်း

မြွေပွေး၊ မွေဟောက် စသောအဆိပ်ရှိမြွေများနှင့် ကင်းကိုက်ခဲခြင်း၊ ငါးစူး၊ လိပ်ကျောက်စူးခြင်း၊ အညော်ဝင်၍ ရောင်ရမ်းကိုက်ခဲခြင်းတို့ကို အလျင်အမြန် ပျောက်ကင်းစေပါသည်။

အထူးသဖြင့် ပြင်းထန်သောမြွေပွေးမြွေဟောက်အဆိပ်များကို (၅)မိနစ်ခန့်တွင် လုံးဝပျောက်ကင်းစေပါသည်။

ရုတ်တရက် အရေးကြုံလာလျှင် မြန်မာ့ရိုးရာဆေးမြီးတိုနည်းဖြင့် လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။
===============
စောနွဲ့ နေဆိုင် (ပူတာအို)

===============
စတော်ဘယ်ရီသီး ဖျော်ရည်ဟာ အသားအရေကိုကြည်လင် တောက်ပြောင် စေနိုင်ပါတယ်။ ရင်သားကင်ဆာနဲ့ အခြားသော တုပ်ကွေး ရောဂါတွေ အတွက် ကောင်းမွန်ပါတယ်။

အမျိုးသမီးများ အထူးပင် မှီဝဲသင့်တဲ့ ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြင့်တင်ပေးတဲ့ ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် စတော်ဘယ်ရီသီး ဖျော်ရည်ကို မှီဝဲပေးစေ လိုပါတယ်။

ဒါ့အပြင် မျက်လုံးအတွက် မှီဝဲပေးသင့်သော ဖျော်ရည်တစ်မျိုး ဖြစ်ပြီး ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက်ပါ ကောင်းမွန်စေကြောင်း သိရပါတယ်။




==============
ြ-မြန်မာပြည်မှာ ထူးခြားသော အပင်
သူ့အရွက်ထိပ်မှာ ဆူးတစ်ချောင်းထွက်၍အရွက်အစိမ်းအတိုင်း ရေနွေးဆူဆူထဲ
ထည့်ပြီး သုံးမိနစ်လောက် အကြာမှာပူပူလေးမှုတ်သောက်ပါ။
အပူအကြိတ် မြစ်ပွားနာအသည်းရောဂါသားအိမ်ကင်ဆာကိုယ်တွင်းကိုယ်ပအနာကင်ဆာများ မဖြစ်အောင်ကာကွယ်ပေးသောဆေးကောင်းဖြစ်ပါသည်။
အကယ်၍ ထိုကင်ဆာရောဂါများဖြစ်နေပါကအမြန်ဆုံးထိထိရောက်ရောက်
လျင်မြန်စွာသက်သာစေပါသည်။
စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည်သောက်သုံးလျင်ကင်ဆာ နှင့် အသည်းရောဂါ ပျောက်ကင်းသွားစေပါလိမ့်မည်။
အပူပိုင်ဒေသ အထူးသဖြင့် ပုဂံမြို့ဟောင်း၏ထုထည်အကြီးဆုံးဓမ္မံရံကြီးစေတီ
အရှေ့ဖက်မြေနီလမ်းမဘေး၌များစွာတွေ့မြင်နိုင်ပါသည်။
မိုးနဲကြီးပင် လို့ဆေးနည်းပေးသူ ညောင်ဦးသားသမားတော်ဦးနေဝင်းပြောကြားခဲ့ပါသည်။
စာရေးသူမေတ္တာရပ်ခံတောင်းပန်လွန်းနားပူနားဆာတိုက်လွန်းသောကြောင့်
မေတ္တာတရားအကျိုးတော်ကြောင့်ရရှိခဲ့သောအလွန်အစွမ်းထက်သော
ကိုယ်တိုင်သောက်သုံးလျက်ရှိသောတန်ဖိုးမဖြတ်နိုင်သော
နန်းတွင်းဆေးနည်း တလက်အားပေးဝေမျှသူက သူ၏မိဘ ဘိုးဘွား ဘီဘင်တို့ရဲ့လက်ဆင့်ကမ်း
အမွေကို ဖွင့်ဟပြောကြားခဲ့သဖြင့်ယခုလို ပရိတ်သတ်များရရှိခဲ့တာပါ။
မိမိကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့သော မိုးနဲကြီးအပင်ကိုတွေ့မြင်နိုင်ပါသည်။
ကျော်လင်းနိုင် (ရိုးရာလေး)

ကွန်ပျူတာ ပညာရပ်များ လေ့လာသင်ယူနိုင်သည့် website များ


ကွန်ပျူတာ ပညာရပ်များ လေ့လာသင်ယူနိုင်သည့် website များ

www.thelinuxlab.net
www.lpi.org
Linux စနစ်ကို လေ့လာနိုင်ရန်ဖြစ်သည်။ စာမေးပွဲများအကြောင်းလဲ ပါရှိသည်။

www.helpwithpcs.com
ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာတွေ့ရသည်။ အလွယ်တကူ ရှာဖွေလေ့လာ သင်ကြားနိုင်သည်။

www.simplehelp.net
မိမိမှာ ကွန်ပျူတာနဲ့ ပတ်သက်၍် ပြဿနာများ ရှိလာခဲ့လျှင် ဤလိပ်စာတွင် မေးမြန်းနိုင်သည်။ အလွယ်တကူ လေ့လာသင်ယူနိုင်သည်။ လေ့ကျင့်ခန်းများပါ ထည့်သွင်းပေးထားသည်။

www.asia-oss.net
Open source စနစ်ကို လေ့လာသူများ မဖြစ်မနေ ၀င်လေ့လာသင့်သည်။ အာရှဒေသရှိ ပညာရှင်များစွာ၏ လက်ရာများပါဝင်သည်။

www.javapassion.com
Java ဘာသာရပ်အတွက် အကောင်းဆုံးလေ့လာသင့်သော နေရာတစ်ခုပင်ဖြစ်သည်။ အခြေခံကျကျ သင်ပြထားသည်။

www.engineering.com
အင်ဂျင်နီယာဆိုင်ရာ သိလိုသည်များ မေးမြန်းနိုင်သည်။ အသုံးချ အင်ဂျင်နီယာ ဆော့(ဖ)၀ဲများ ရယူနိုင်သည်။

www.tutorialized.com
ဘာသာရပ်တော်တော်များများအတွက် အကောင်းဆုံးလေ့လာသင့်သော နေရာတစ်ခုဖြစ်သည်။ အခြေခံကျကျ သင်ပြထားသည်။ အလွယ်တကူ သင်ကြားမှု ရနိုင်သည်။

www.databasejournal.com
Database သီးသန့် စုထားသည်။ အလွယ်တကူ သင်ယူလေ့လာနိုင်သည်။ နာမည်ကြီး database များစွာ သင်ယူလေ့လာနိုင်သည်။ MS SQL, DB2, MY SQL

www.wwpi.com
ကွန်ပျူတာ ပညာရပ်များအပြင် network ပညာရပ်များလဲ သင်ယူမှု ပြုနိုင်သည်။

www.comptechdoc.org
နည်းပညာဆိုင်ရာ များစွာ သင်ယူလေ့လာနိုင်သည်။ အလွယ်တကူ ကူးယူနိုင်သည်။

www.ctlcorp.com
www.fstutorials.com
www.psdfreebee.com
Photoshop နည်းပညာကို စလယ်ဆုံး လေ့ကျင့်ခန်းများစွာဖြင့် လေ့လာနိုင်သည်။

www.educational-software.com
ဆော့(ဖ)၀ဲ ဘာသာရပ်များစွာကို လေ့လာသင်ယူနိုင်သည်။

www.dtechgroup.com
dtech ထုတ် ဆော့(ဖ)၀ဲ များစွာကို လေ့လာသင်ယူနိုင်သည်။

www.educationalsoftware.co.uk
ဆော့(ဖ)၀ဲ ဘာသာရပ်များ

www.business.com
စီးပွားရေးလုပ်ငန်းသုံး ဆော့(ဖ)၀ဲ ဘာသာရပ်များ

www.okino.com
ဂရပ်ဖစ်သုံး ဆော့(ဖ)၀ဲ ဘာသာရပ်များ

Miscrosoft Certification for .net

Microsoft ရဲ့ .Net Framework ပေါ်မှာအခြေခံပြီး ရေးဆွဲတဲ့ Web Site, Web Applications, Web Services များအတွက်
ASP.Net ပညာရပ်ဟာ လူသုံးများပြီး၊ ပညာရှင်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်တဲ့ ပညာရပ်တစ်ခုအဖြစ်
 ရပ်တည်နေပြီဖြစ်ပါတယ်။

ASP.Net ဟာ Microsoft ရဲ့ Product တစ်ခုဖြစ်လို့ ASP.Net ကို စိတ်ဝင်စားသူများအနေနဲ့ J#.Net, C#.Net,VB.Net တစ်ခုခုနဲ့ ရေးသားနိုင်မှာဖြစ်ပြီး၊
 အဆိုပါအကြောင်းအရာတစ်ခုခုကို ကြိုတင်လေ့လာထားသင့်ပါတယ်။
 ဒီနေရာမှာတော့ ASP.Net ကို ဘယ်လိုလေ့လာနိုင်မယ်ဆိုတာနဲ့ Microsoft ရဲ့ Certified တွေကိုရရှိနိုင်ဖို့အတွက် ဖြေဆိုရမယ့်စာမေးပွဲနဲ့ ဘာသာရပ်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ASP.Net ကို လေ့လာဖို့အတွက်တော့ လူငယ်တစ်ယောက်အနေနဲ့ အထက်မှာဖော်ပြပေးခဲ့သလိုပဲ Computer Basic နဲ့ Programming Basic တို့ကို တတ်မြောက်ထားဖို့ လိုအပ်ပါလိမ့်မယ်။
နောက်တစ်ခုကတော့ Web Basic တွေဖြစ်တဲ့ HTML, CSS, Javascript တွေကို ရင်းနှီးသင့်ပါတယ်။
 လက်ရှိအချိန်မှာ Web Base Language တွေဖြစ်တဲ့ Java, PHP နဲ့ ASP.Net တို့ဟာ အောင်မြင်မှုမြင့်မားနေတဲ့ Language တွေပဲဖြစ်ပါတယ်။ လေ့လာသင်ယူသူများပြားပြီး၊ ပညာရှင်များစွာအတွက်လည်း အလုပ်အကိုင် အဆင်ပြေစေတဲ့ လမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ ASP.Net ဟာဆိုရင် .Net Framework ပေါ်မှာ C#, J#, VB အစရှိတဲ့ Language တွေနဲ့ Coding တွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Framework ပေါ်မှာရှိတဲ့ CLR (Common Language Runtime) နဲ့ BCL (Base Class Library) တို့ရဲ့အားသာချက်နဲ့အတူ၊ OOP ရဲ့ Concept ရဲ့ အခြေခံထားတာကြောင့် ASP.Net ဟာလည်း Web Programming ရပ်ဝန်းမှာ Stable ဖြစ်တဲ့ Technique တစ်ခုဖြစ်ပါတယ်။ ASP.Net ရဲ့အားသာချက်တွေကို ထပ်မံပြောရမယ်ဆိုရင်တော့ Microsoft ရဲ့ Product ဖြစ်တဲ့အတွက် စာမေးပွဲတွေကို ပြည်တွင်းမှာပဲ အလွယ်တကူ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ Microsoft ရဲ့ Certified တွေဟာ နိုင်ငံတကာအသိအမှတ်ပြုဖြစ်တဲ့အတွက် ပြည်ပမှာသွားရောက်ပြီး ASP.Net Web Developer တစ်ဦးအဖြစ်နဲ့ သွားရောက်လုပ်ကိုင်လိုသူများအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ASP.Net Web Developer တစ်ဦးအတွက် ဖြေဆိုရမယ့် Exam တွေကို ဖော်ပြပေးရမယ်ဆိုရင်တော့-
- Exam (70-528): Microsoft .Net Framework 2.0- Web Based Client Development
- Exam (70-536): Microsoft .Net Framework 2.0- Application Development Foundation တို့ပဲဖြစ်ပါတယ်။ အထက်ပါ ဘာသာရပ်နှစ်ခုကို ဖြေဆိုအောင်မြင်မယ်ဆိုရင်တော့ Microsoft က ချီးမြှင့်ပေးအပ်တဲ့ MCTS (Microsoft Certified Technology Specialist) လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။
- Exam (70-547): Designing and Developing Web Applications by Using the Microsoft .Net Framework ကို ဖြေဆိုအောင်မြင်ခဲ့မယ်ဆိုရင်တော့ MCPD (Microsoft Certified Professional Developer) လက်မှတ်ကိုရရှိမှာဖြစ်ပါတယ်။ .Net ရဲ့ အဓိကအစိတ်အပိုင်းလို့ဆိုနိုင်တဲ့ Framework နဲ့ပတ်သက်တဲ့ Certified လမ်းကြောင်းတွေကတော့

Framework 3.5 အတွက် Microsoft .Net Framework 3.5 Certification
- Exam (70-536): Microsoft .Net Framework- Application Developement Foundation
- Exam (70-562): Microsoft .Net Framework 3.5, ASP.Net Application Developement
- Exam (70-564) PRO : Designing and Developing ASP.Net Applications Using the Microsoft .Net Framework 3.5 တို့ဖြစ်ပြီး၊
Framework 4.0 အတွက်
- Exam (70-536): Microsoft .Net Framework - Application Development Foundation
- Exam (70-515): Web Application Development with Microsoft .Net Framework 4.0
- Exam (70-513): Windwos Communication Foundation Development with Microsoft .Net Framework 4.0
- Exam (70-516): Accessing Data with Microsoft .Net Framework 4.0
- Exam (70-519): Designing and Developing ASP.Net
Applications Using the Microsoft .Net Framework 4.0 တို့ကို ဖြေဆိုရမှာဖြစ်ပါတယ်။
ASP.Net Developer များဟာ ပြည်တွင်းပြည်ပမှာ အောင်မြင်တဲ့ပညာရှင်များအဖြစ် များစွာ ပေါ်ထွန်းနေပြီဖြစ်ပါတယ်။ ASP.Net Developer တစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့အတွက် အချိန်ကာလအားဖြင့် (၆) လမှ (၈) လအထိ အချိန်ယူရမှာဖြစ်ပါတယ်။ .Net နဲ့ပတ်သက်တဲ့ အသေးစိတ်အချက် အလက်များကိုလည်း Microsoft ရဲ့ Officail Web Site မှာ သွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ ASP.Net Developer တစ်ဦးအတွက် အလုပ်အကိုင်ကတော့ အခွင့်အရေးများပြားပြီး ပြည်တွင်းမှာ လစာ (၁) သိန်းမှ (၅) သိန်းကြား ရရှိနိုင်မှာဖြစ်ပါတယ်။ ပြည်ပမှာသွားရောက်လုပ်ကိုင်ဖို့ အရည်အချင်းရှိပြီဆိုရင်တော့ S$ (2000) မှ S$ (100,000) အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

Tuesday, June 16, 2015

အညောင်းမိ၊အကြောဆိုင်း၊လေဖြန်းရောဂါများအတွက် ဆေးကောင်းတစ်လက်

အကြောဆိုင်း,လေဖြန်းရောဂါများအတွက်
ဆေးကောင်းတစ်လက်
အညောင်းမိသူများအတွက်လည်းအဆင်ပြေပါတယ်......Admin
**********
လူသားတွေဟာအသက်အရွယ်လေးအတန်သင့်ရ
လာတာနဲ့အမျှသွေးသားတွေဟာလည်းတဖြေးဖြေးဆု
တ်ယုတ်လာပြီးအလုပ်တွေပင်ပင်ပန်းပန်းလုပ်တဲ့ဒဏ်ကိုမိမိတို့ခန္ဓာကိုယ်ကြီးကခံနိုင်ရည်စွမ်းကျဆင်းလာတတ်ပါတယ်။
အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရတဲ့,လုပ်ခဲ့တဲ့ဒဏ်
တွေကြောင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အကြောတွေကမကြာခဏညောင်းညာကိုက်ခဲနေတာမျိုး,အကြောတွေဆိုင်းချင်သလိုလိုဖြစ်သွားတာ,အကြောတွေလုံးဝဆိုင်သွားတာမျိုး,လေဖြန်းချင်သလိုလိုဖြစ်သွားတာ,လုံးဝလေ
ဖြန်းသွားတာမျိုးတွေဖြစ်လာတတ်ပါတယ်။
အဲဒီလိုရောဂါတွေခံစားနေရပြီဆိုရင်အခုဖော်ပြမဲ့
ဆေးနည်းလေးကသက်သာပျောက်ကင်းစေမှာပါ။ဦး
ဇင်းကိုယ်လဲဦးဇင်းနဲ့ပက်သတ်ဆက်နွယ်နေတဲ့ဒကာ
ကြီးတွေ,ဒကာမကြီးတွေကိုဆေးနည်းပြောပြပြီးသုံးစွဲဖို့တိုက်တွန်းသလိုကြုံတဲ့အခါမှာလည်းကိုယ်တိုင်ကိုယ်ကျဖော်စပ်ပေးခဲ့ပါတယ်။
အမြဲလိုလိုညောင်းညာကိုက်ခဲနေသူများဟာတစ်
ပတ်လောက်ပုံမှန်စားလိုက်တဲ့အခါညောင်းညာကိုက်ခဲမှုတွေပျောက်ကင်းပြီးနောက်ထပ်ပေါ်မလာတော့ေ
ကြာင်းဝမ်းသာအားရလာပြီးပြောကြပါတယ်။
အကြောဆိုင်းနေသူများနဲ့လေဖြန်းနေသူများက
ကလည်းတစ်လ,နှစ်လစသည်အားဖြင့်ဖော်စားလိုက်,ခဏနားလိုက်နဲ့သုံးစွဲလိုက်လို့သက်သာပျောက်ကင်းကြောင်းဝမ်းသာအားရပြန်ပြောကြပါတယ်။
ဆေးနည်းလေးကတော့-------
၁။ဖီးကြမ်းငှက်ပျောသီးမှည့်မှည့်ရယ်(မမှည့်ရင်ချောင်းဆိုးတတ်ပါသည်)
၂။သက်ရင်းကြီးရွက်ရယ်(၎င်းအပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်)
ဒီနှစ်မျိုးပဲလိုအပ်မှာပါ။
ဖော်စပ်ပုံကတော့------
၁။ဖီးကြမ်းငှက်ပျောသီးကိုဟိုဘက်ထိပ်ဒီဘက်ထိပ်အတွင်းသားလေးတွေပေါ်ရုံလောက်လှီးဖြတ်ထားပါ။
၂။သက်ရင်းကြီးရွက်ကိုရေစင်အောင်ဆေးပြီးနှစ်ရွက်သုံးရွက်ထပ်ကာငှက်ပျောသီးကိုလုံအောင်ဖုံး၍လျော်နှင့်စည်းပြီးထုတ်ပါ။
၃။ပြီးလျှင်အိုးထဲထည့်ပြီးမီးဖိုပေါ်မှာ၆-နာရီကြာပြုတ်ရပါမည်။(၆-နာရီဆိုငြားလည်းဦးဇင်းကတောနှစ်ရေပွက်ပြီးဖိုပေါ်မှာမီးအေးအေးနဲ့ပစ်ထားလိုက်ပါသည်)
စားပုံစားနည်းကတော့----
ပြုပ်ပြီးသားအထုပ်လေးကိုအပေါ်ကဖက်တွေပြန်ခွာ,ငှက်ပျောသီးကိုလည်းအခွံခွာပြီးအတွင်းသားကိုသာ--
မနက်တစ်လုံး
ညတစ်လုံး
တစ်နေ့နှစ်ကြိမ်စားရမှာဖြစ်ပါတယ်။
ငယ်ရွယ်တဲ့သူတွေအတွက်လည်းခရီးပင်ပန်းလို့,
အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရလို့တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေရင် ၎င်းငှက်ပျောသီးလေးတစ်လုံးမျှစားလိုက်တာနဲ့ညောင်းညာကိုက်ခဲမှုများလျင်မြန်စွာသက်သာပါကြောင်းကိုယ်တွေ့မို့သတင်းကောင်းပါးလိုက်ပါရစေ။
ဖော်စပ်ပုံအဆင်ဆင့်ဓာတ်ပုံလေးတွေကိုလည်းတင်ပေးလိုက်ပါတယ်။
အထက်ပါဆေးနည်းကိုမိမိအားတစ်ဆင့်မျှဝေ
ပေးခဲ့ပါသောသူငယ်ချင်းဖြစ်သူ အရှင်ဝိစိတ္တ(ကျွန်ုပ်တို့အခေါ်"ဦးဝဲကျော်")စစ်ကိုင်းတောင်ရိုး ပံ့သကူချောင်အားအထူးကျေးဇူးတင်ပါကြောင်း.....့
Ashin Withuta





Thursday, June 4, 2015

နှင်းပွင့် design လေးတွေဖော်ပြီး ကိုယ့်အခန်းလေးထဲမှာ အလှဆင်ကြရအောင်......

နှင်းပွင့် designလေးတွေဖော်ဖို့လိုတာကတော့ paperနဲ့ ကပ်ကြေးရှိရင်လုံလောက်ပါပြီ ..step by step ပုံလေးတွေတင်ထားပေးတယ်နော်.....:-)

T-Shirt Cutting Design အလန်း လေးတွေလုပ်ကြည့်ကြရအောင်

T-Shirt အဟောင်းလေးတွေနဲ့ ဖန်းတီးထားတဲ့ဒီဇိုင်းလှလှ အကျီလေးတွေ ဖြစ်အောင် ကိုယ်တိုင်လုပ်ကြည့်ကြရအောင် adminလည်း စမ်းကြည့်နေတယ် ကိုယ်တိုင်ဖန်တီးထားတဲ့design လေးတွေကိုဝတ်ရတာ ပျော်စရာကောင်းတယ်....

Friday, May 22, 2015

အအေးမိ၊ နှာစီး၊နှာပိတ် ဖြစ်တာတွေအတွက် မြန်မာဆေ့းမြီးတို.....


မိုးတွင်းရောက်လို့လာပါပြီး မိုးမိလို့ဖြစ်တက်တဲ့ အအေးမိ၊ နှာစီး၊နှာပိတ် ဖြစ်တာတွေအတွက်
 မြန်မာဆေ့းမြီးတို နည်းလေးတွေတင်ပေးလိုက်ပါတယ် ...

နှာပိတ်လျှင်

နှာပိတ်လျှင်လက်ချားကို ကြိတ်၍ရှု...


အသက်ရှူ လေပြွန် ပိတ်လို့  ဖြစ်စေ၊
 နှာခေါင်း လမ်းကြောင်းပိတ်လို့  ဖြစ်စေ၊ နှာခေါင်း ပိတ်နေရင်
 ပွင့်သွားအောင် ရေနွေးငွေ့ ကို ရှူပေးပါ။ လက်ဆေးဇလုံ
 သို့ မဟုတ် ပန်းကန်ဆေးကန်ထဲ ရေနွေးပူပူ အပြည့်ထည့်ထားပြီး သင့်ခေါင်းပေါ်
မျက်နှာသုတ်ပုဝါ တစ်ထည် အုပ်လျက် ရေနွေးငွေ့ များ ရှူသွင်းပါ။
ပိုပြီး ထိရောက်စေဖို့  ရေနွေးပူပူထဲ ယူကလစ်ရွက် အဆီ၊ စမုန်စပါးဆီ၊
လာဗင်ဒါဆီ၊ ဒါမှမဟုတ် ထင်းရှူးဆီ တစ်မျိုးမျိုးကို အနည်းငယ် ရောထည့်ပြီး ရှူရှိုက်ပါ။


ရာသီအကူးအပြောင်း အထူးသဖြင့် အေးတဲ့ ရာသီဥတုတွေမှာ အအေးမိခြင်း (Common Cold) ခံစားရပါ တယ်။
 အအေး မိခြင်းဟာ အိပ်ရာထဲမှာ တချိန်လုံးလှဲနေရလောက်အောင် မပြင်းထန်ပေမဲ့ နှာခေါင်း ပိတ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ လို မအီ မသာဖြစ်တဲ့ ဝေဒနာကို ခံစားရပါတယ်။ အအေးမိခြင်းကို အိမ်မှာတင် ရှိတဲ့ ပစ္စည်းတွေနဲ့  ကုသချင်တယ်ဆိုရင်တော့

-    သံပုရာရည် (lime juice) ဟာ အအေးမိခြင်းအတွက် အသင့်တော်ဆုံး အိမ်တွင်းဆေး ဖြစ်ပါတယ်။

-    ရေတစ်ခွက်စာထဲကို စဉ်းထားတဲ့ ကြက်သွန်ဖြူလေးတွေ ထည့်ပြီး ကြက်သွန်ဖြူ စွပ်ပြုတ် (garlic soup) လုပ်ပြီး သောက်ပါ။ အအေးမိခြင်း တဖြည်းဖြည်း သက်သာ သွားပါလိမ့်မယ်။

-    ချင်းလက်ဖက်ရည် (ginger tea) သောက်ပါ။ ရေနွေးဆူဆူပွက်ပွက်ထဲမှာ ချင်းအလွှာလေးတွေ ထည့်ပြုတ်ပြီး သကြား ခတ်သောက်ပါ။ (ထန်းလျက်ခဲလည်း ထည့်နိုင်ပါတယ်)

-    ငရုတ်ကောင်းနဲ့  သကြားကျိုပြီး သောက်ပါ။ ရေ၈အောင်စကို ကျိုပြီး ဆူလာလျှင် ငရုတ်ကောင်း ၇စေ့ ခန့် ကို ကြိတ်ချေ ပြီး သကြား၃ဇွန်းခန့်  ထည့်ကျိုပါ။ ရေ ၄ပုံ ၁ပုံ ကျန်သည်အထိ ကျိုပြီး ပူနေတုန်း မှာ သောက်ပါ။ သောက်ပြီး ၁၀မိနစ်ခန့်  ကြာသည်အထိ စောင်ပါးပါးလေး ခြုံထားပါ။ နံနက်တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် တစ်နေ့  ၂ကြိမ် သောက်ပေးပါ။

-    နှာခေါင်းပိတ် သက်သာဖို့  ရေနွေးငွေ့ ကို ရှူပေးပါ။

Credit>> မေဇူး

proxy ပိတ်ထားတဲ့website တွေကိုအလွယ်တကူကျော်ကြရအောင်


proxy  ပိတ်ထားတဲ့website တွေကိုအလွယ်တကူကျော်ကြည့်လို့ရမယ့်
Browserလေးပါ..admin သုံးကြည့်တာ
တော့တော်တော်လေးအဆင်ပြေပါတယ် ..
စမ်းသုံးကြည့်ကြပါ...

WebFreer Download

Thursday, May 21, 2015

မိုးတွင်းအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး နားထောင်ကောင်းမယ့် သီချင်း ဟောင်းလေးတွေပြန်တင်ပေးလိုက်ပါတယ်.....:-)


မိုးတွင်းအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး နားထောင်ကောင်းမယ့် သီချင်း ဟောင်းလေးတွေပြန်တင်ပေးလိုက်ပါတယ်.....:-)

001 - Bye Bye - Mariah Carey

002 - Apologize - One Republic

003 - Mad - Ne Yo

004 - Don't Love You No More - Craig David

005 - Nothing On You - B.O.B & Feat. Bruno Mars

006 - The One That Got Away - Katy Perry

007 - Take A Chance On Me - JLS

008 - Only Love - Trademark

009 - She Will Be Loved - Maroon 5

010 - Someone's Watching Over Me - Hilary Duff

Wednesday, February 11, 2015

လူငယ်အဆိုတော်လေး CodySimpson ရဲ့ သီချင်းလေးတွေပါ....


 

Blogger news

Blogroll

About