Friday, May 22, 2015

အအေးမိ၊ နှာစီး၊နှာပိတ် ဖြစ်တာတွေအတွက် မြန်မာဆေ့းမြီးတို.....


မိုးတွင်းရောက်လို့လာပါပြီး မိုးမိလို့ဖြစ်တက်တဲ့ အအေးမိ၊ နှာစီး၊နှာပိတ် ဖြစ်တာတွေအတွက်
 မြန်မာဆေ့းမြီးတို နည်းလေးတွေတင်ပေးလိုက်ပါတယ် ...

နှာပိတ်လျှင်

နှာပိတ်လျှင်လက်ချားကို ကြိတ်၍ရှု...


အသက်ရှူ လေပြွန် ပိတ်လို့  ဖြစ်စေ၊
 နှာခေါင်း လမ်းကြောင်းပိတ်လို့  ဖြစ်စေ၊ နှာခေါင်း ပိတ်နေရင်
 ပွင့်သွားအောင် ရေနွေးငွေ့ ကို ရှူပေးပါ။ လက်ဆေးဇလုံ
 သို့ မဟုတ် ပန်းကန်ဆေးကန်ထဲ ရေနွေးပူပူ အပြည့်ထည့်ထားပြီး သင့်ခေါင်းပေါ်
မျက်နှာသုတ်ပုဝါ တစ်ထည် အုပ်လျက် ရေနွေးငွေ့ များ ရှူသွင်းပါ။
ပိုပြီး ထိရောက်စေဖို့  ရေနွေးပူပူထဲ ယူကလစ်ရွက် အဆီ၊ စမုန်စပါးဆီ၊
လာဗင်ဒါဆီ၊ ဒါမှမဟုတ် ထင်းရှူးဆီ တစ်မျိုးမျိုးကို အနည်းငယ် ရောထည့်ပြီး ရှူရှိုက်ပါ။


ရာသီအကူးအပြောင်း အထူးသဖြင့် အေးတဲ့ ရာသီဥတုတွေမှာ အအေးမိခြင်း (Common Cold) ခံစားရပါ တယ်။
 အအေး မိခြင်းဟာ အိပ်ရာထဲမှာ တချိန်လုံးလှဲနေရလောက်အောင် မပြင်းထန်ပေမဲ့ နှာခေါင်း ပိတ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ လို မအီ မသာဖြစ်တဲ့ ဝေဒနာကို ခံစားရပါတယ်။ အအေးမိခြင်းကို အိမ်မှာတင် ရှိတဲ့ ပစ္စည်းတွေနဲ့  ကုသချင်တယ်ဆိုရင်တော့

-    သံပုရာရည် (lime juice) ဟာ အအေးမိခြင်းအတွက် အသင့်တော်ဆုံး အိမ်တွင်းဆေး ဖြစ်ပါတယ်။

-    ရေတစ်ခွက်စာထဲကို စဉ်းထားတဲ့ ကြက်သွန်ဖြူလေးတွေ ထည့်ပြီး ကြက်သွန်ဖြူ စွပ်ပြုတ် (garlic soup) လုပ်ပြီး သောက်ပါ။ အအေးမိခြင်း တဖြည်းဖြည်း သက်သာ သွားပါလိမ့်မယ်။

-    ချင်းလက်ဖက်ရည် (ginger tea) သောက်ပါ။ ရေနွေးဆူဆူပွက်ပွက်ထဲမှာ ချင်းအလွှာလေးတွေ ထည့်ပြုတ်ပြီး သကြား ခတ်သောက်ပါ။ (ထန်းလျက်ခဲလည်း ထည့်နိုင်ပါတယ်)

-    ငရုတ်ကောင်းနဲ့  သကြားကျိုပြီး သောက်ပါ။ ရေ၈အောင်စကို ကျိုပြီး ဆူလာလျှင် ငရုတ်ကောင်း ၇စေ့ ခန့် ကို ကြိတ်ချေ ပြီး သကြား၃ဇွန်းခန့်  ထည့်ကျိုပါ။ ရေ ၄ပုံ ၁ပုံ ကျန်သည်အထိ ကျိုပြီး ပူနေတုန်း မှာ သောက်ပါ။ သောက်ပြီး ၁၀မိနစ်ခန့်  ကြာသည်အထိ စောင်ပါးပါးလေး ခြုံထားပါ။ နံနက်တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် တစ်နေ့  ၂ကြိမ် သောက်ပေးပါ။

-    နှာခေါင်းပိတ် သက်သာဖို့  ရေနွေးငွေ့ ကို ရှူပေးပါ။

Credit>> မေဇူး

0 comments:

Post a Comment

 

Blogger news

Blogroll

About