ASP.Net ပညာရပ်ဟာ လူသုံးများပြီး၊ ပညာရှင်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်တဲ့ ပညာရပ်တစ်ခုအဖြစ်
ရပ်တည်နေပြီဖြစ်ပါတယ်။
ASP.Net ဟာ Microsoft ရဲ့ Product တစ်ခုဖြစ်လို့ ASP.Net ကို စိတ်ဝင်စားသူများအနေနဲ့ J#.Net, C#.Net,VB.Net တစ်ခုခုနဲ့ ရေးသားနိုင်မှာဖြစ်ပြီး၊
အဆိုပါအကြောင်းအရာတစ်ခုခုကို ကြိုတင်လေ့လာထားသင့်ပါတယ်။
ဒီနေရာမှာတော့ ASP.Net ကို ဘယ်လိုလေ့လာနိုင်မယ်ဆိုတာနဲ့ Microsoft ရဲ့ Certified တွေကိုရရှိနိုင်ဖို့အတွက် ဖြေဆိုရမယ့်စာမေးပွဲနဲ့ ဘာသာရပ်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ASP.Net ကို လေ့လာဖို့အတွက်တော့ လူငယ်တစ်ယောက်အနေနဲ့ အထက်မှာဖော်ပြပေးခဲ့သလိုပဲ Computer Basic နဲ့ Programming Basic တို့ကို တတ်မြောက်ထားဖို့ လိုအပ်ပါလိမ့်မယ်။
နောက်တစ်ခုကတော့ Web Basic တွေဖြစ်တဲ့ HTML, CSS, Javascript တွေကို ရင်းနှီးသင့်ပါတယ်။
လက်ရှိအချိန်မှာ Web Base Language တွေဖြစ်တဲ့ Java, PHP နဲ့ ASP.Net တို့ဟာ အောင်မြင်မှုမြင့်မားနေတဲ့ Language တွေပဲဖြစ်ပါတယ်။ လေ့လာသင်ယူသူများပြားပြီး၊ ပညာရှင်များစွာအတွက်လည်း အလုပ်အကိုင် အဆင်ပြေစေတဲ့ လမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ ASP.Net ဟာဆိုရင် .Net Framework ပေါ်မှာ C#, J#, VB အစရှိတဲ့ Language တွေနဲ့ Coding တွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Framework ပေါ်မှာရှိတဲ့ CLR (Common Language Runtime) နဲ့ BCL (Base Class Library) တို့ရဲ့အားသာချက်နဲ့အတူ၊ OOP ရဲ့ Concept ရဲ့ အခြေခံထားတာကြောင့် ASP.Net ဟာလည်း Web Programming ရပ်ဝန်းမှာ Stable ဖြစ်တဲ့ Technique တစ်ခုဖြစ်ပါတယ်။ ASP.Net ရဲ့အားသာချက်တွေကို ထပ်မံပြောရမယ်ဆိုရင်တော့ Microsoft ရဲ့ Product ဖြစ်တဲ့အတွက် စာမေးပွဲတွေကို ပြည်တွင်းမှာပဲ အလွယ်တကူ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ Microsoft ရဲ့ Certified တွေဟာ နိုင်ငံတကာအသိအမှတ်ပြုဖြစ်တဲ့အတွက် ပြည်ပမှာသွားရောက်ပြီး ASP.Net Web Developer တစ်ဦးအဖြစ်နဲ့ သွားရောက်လုပ်ကိုင်လိုသူများအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ASP.Net Web Developer တစ်ဦးအတွက် ဖြေဆိုရမယ့် Exam တွေကို ဖော်ပြပေးရမယ်ဆိုရင်တော့-
- Exam (70-528): Microsoft .Net Framework 2.0- Web Based Client Development
- Exam (70-536): Microsoft .Net Framework 2.0- Application Development Foundation တို့ပဲဖြစ်ပါတယ်။ အထက်ပါ ဘာသာရပ်နှစ်ခုကို ဖြေဆိုအောင်မြင်မယ်ဆိုရင်တော့ Microsoft က ချီးမြှင့်ပေးအပ်တဲ့ MCTS (Microsoft Certified Technology Specialist) လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။
- Exam (70-547): Designing and Developing Web Applications by Using the Microsoft .Net Framework ကို ဖြေဆိုအောင်မြင်ခဲ့မယ်ဆိုရင်တော့ MCPD (Microsoft Certified Professional Developer) လက်မှတ်ကိုရရှိမှာဖြစ်ပါတယ်။ .Net ရဲ့ အဓိကအစိတ်အပိုင်းလို့ဆိုနိုင်တဲ့ Framework နဲ့ပတ်သက်တဲ့ Certified လမ်းကြောင်းတွေကတော့
Framework 3.5 အတွက် Microsoft .Net Framework 3.5 Certification
- Exam (70-536): Microsoft .Net Framework- Application Developement Foundation
- Exam (70-562): Microsoft .Net Framework 3.5, ASP.Net Application Developement
- Exam (70-564) PRO : Designing and Developing ASP.Net Applications Using the Microsoft .Net Framework 3.5 တို့ဖြစ်ပြီး၊
Framework 4.0 အတွက်
- Exam (70-536): Microsoft .Net Framework - Application Development Foundation
- Exam (70-515): Web Application Development with Microsoft .Net Framework 4.0
- Exam (70-513): Windwos Communication Foundation Development with Microsoft .Net Framework 4.0
- Exam (70-516): Accessing Data with Microsoft .Net Framework 4.0
- Exam (70-519): Designing and Developing ASP.Net
Applications Using the Microsoft .Net Framework 4.0 တို့ကို ဖြေဆိုရမှာဖြစ်ပါတယ်။
ASP.Net Developer များဟာ ပြည်တွင်းပြည်ပမှာ အောင်မြင်တဲ့ပညာရှင်များအဖြစ် များစွာ ပေါ်ထွန်းနေပြီဖြစ်ပါတယ်။ ASP.Net Developer တစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့အတွက် အချိန်ကာလအားဖြင့် (၆) လမှ (၈) လအထိ အချိန်ယူရမှာဖြစ်ပါတယ်။ .Net နဲ့ပတ်သက်တဲ့ အသေးစိတ်အချက် အလက်များကိုလည်း Microsoft ရဲ့ Officail Web Site မှာ သွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ ASP.Net Developer တစ်ဦးအတွက် အလုပ်အကိုင်ကတော့ အခွင့်အရေးများပြားပြီး ပြည်တွင်းမှာ လစာ (၁) သိန်းမှ (၅) သိန်းကြား ရရှိနိုင်မှာဖြစ်ပါတယ်။ ပြည်ပမှာသွားရောက်လုပ်ကိုင်ဖို့ အရည်အချင်းရှိပြီဆိုရင်တော့ S$ (2000) မှ S$ (100,000) အထိ ရရှိနိုင်မှာဖြစ်ပါတယ်။
0 comments:
Post a Comment