၁.စာမဖတ်သူသည်တိုးတက်မှုရပ်နေသည်။စာဖတ်သူသည်တိုးတက်မှုတိုးတက်နေသည်။
၂.စိတ်ကိုအသိဥာဏ်ကအုပ်စိုးဧ။်။အသိဥာဏ်ကိုဗဟုသုတကအုပ်စိုးဧ။် ဗဟုသုတကိုစာပေကအုပ်စိုးဧ။် ။(ပီမိုးနင်း)
၃.စာအုပ်စာပေထဲ၌ရှိသောဗဟုသုတများကိုလူ့လောကတွင်တကယ့်လက်တွေ့အသုံးချတတ်မှသာပညာဖြစ်သည်။ (ဗိုလ်ချူပ်အောင်ဆန်း)
၎.စုတ်ပြဲနေသောအကျီကိုဝတ်ပါ။အဖာဗရပွနှင့်ဖိနပ်ကိုစီးပါ။သို့သော်စာအုပ်ဝယ်ရန်ကိုမှုဘယ်တော့မှမနှမြောပါနှင့် ။
Thursday, August 7, 2014
လူသိနည်းသော သိသင့်တာလေးများ
၁) သင့်ရဲ့ဖိနပ်တွေဟာ လူတွေကသင့်ကို မသိလိုက်မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်... ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့လိုပါတယ်...
၂) အကယ်လို့ သင်က တစ်နေ့ကို ၁၁ နာရီထက်ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်သေဆုံးဖို့ ၅၀% ရှိပါတယ်....
၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်... သင့်ဘဝတစ်လျှောက်လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ဆုံစည်းဖို့ ၉% အခွင့်အရေးရှိပါတယ်...
၎) ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်...
၅) လူ့ဦးနှောက်က သတိမပြုဘဲ မနေနိုင်တဲ့အရာသုံးမျိုးရှိတယ်... အဲ့ဒါတွေကတော့ အစားအစာ... ဆွဲဆောင်မှုရှိတဲ့သူတွေနဲ့ ဘေးအန္တရာယ်တို့ပဲဖြစ်တယ်...
၆) ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်....
၇) လက်ဘက်ခြောက်ကိုအိတ်နဲ့ထည့်ပြီး အနံ့ဆိုးတဲ့နေရာတွေမှာထားရင် အဲ့ဒီအနံ့ဆိုးတွေကို လက်ဘက်ခြောက်က စုပ်ယူသွားလိမ့်မယ်...
၈) အိုင်းစတိုင်းရဲ့အဆိုအရ ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က ပျောက်ကွယ်သွားမယ်ဆိုရင် လူသားတွေလည်း ၄ နှစ်အတွင်း သေဆုံးသွားကြလိမ့်မယ်...
၉) ပန်းသီးမျိုးကွဲပေါင်းအများအပြားရှိတယ်... တစ်နေ့ကိုတစ်မျိုးစားမယ်ဆိုရင် အမျိုးအစားအားလုံးကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်...
၁၀) အစာမစားဘဲနေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင်အသက်ရှင်နေနိုင်မယ်... မအိပ်ဘဲနေမယ်ဆိုရင်တော့ ၁၁ ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်...
၁၁) အားပါးတရရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့သူတွေထက် ကျန်းမာရေးပိုကောင်းတယ်...
၁၂) ပျင်းရိခြင်းနဲ့ လှုပ်ရှားတက်ကြွမှုမရှိခြင်းကြောင့် သေဆုံးရသူတွေဟာ ဆေးလိပ်သောက်လို့ သေဆုံးရသူ အရေအတွက် လောက်ရှိတယ်...
၁၃) လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့အချက်အလက်ရဲ့ ၅ ဆရှိတယ်...
၁၄) ကျွန်တော်တို့ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီးက သုံးတဲ့စွမ်းအင်နဲ့တူတယ်....
၁၅) ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲရှိတဲ့ ရေကို ဆူနိုင်တဲ့အထိရှိတယ်...
၁၆) သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ အသေးဆုံးဆဲလ်ဖြစ်တယ်...
၁၇) အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်...
၁၈) ပြုံးပါ... အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါကာကွယ်ဆေးဖြစ်တယ်...
ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ
Ref..အင်းလေး မီဒီယာ

အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်
လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခု လိုပါပဲ။ ဦးနှောက်က ဘယ်လို အလုပ်လုပ် သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ် ဆိုတာ ကို တဖြည်းဖြည်း တွေ့လာ ရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မှတ်ဥာဏ် ထက်သန်စေဖို့ရာ အတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။
(၁) မှတ်ဥာဏ် ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားပါ
တချို့အပြုအမူ တွေက ဦးနှောက် ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဥာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီ အပြုအမူတွေက ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြ ကြည့် တာတို့ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက် ကို ကျန်းမာစေပေမယ့် အကြာကြီး ထိုင် ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက် နိုင်စွမ်းကို လျော့နည်းစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေ ပါတယ်။
(၂) ဦးနှောက်အတွက် ကောင်းသော အစာကို ထည့်စားခြင်း
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေ ကောင်းမွန်စေဖို့ အတွက် တချို့အ စာတွေက အသုံးဝင်ပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကို ဆယ်လ်မွန်ငါး နဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးတွေထဲ မှာ တွေ့ရပါတယ်။ ဒီအစာတွေကို စား တာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်စေ ဖို့ လိုအပ်တဲ့ အရာတွေကို တည်ဆောက် ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်း ကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့် လည်း များများ လိုအပ် ပါတယ်။ မုန်လာ ဥနီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ် သီး၊ ဘလူးဘယ်ရီသီး၊ သံလွင်ဆီ တို့ကို များများစားတာကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။
(၃) ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း
ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်း အမျိုးမျိုးရှိတဲ့ အတွက် တေးသီချင်းတွေ နဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့် နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့် လည်း မှတ်ဥာဏ်ကောင်း စေပါတယ်။
(၄) အယ်လ်ကိုဟော ပမာဏကို လျှော့ချခြင်း
ကွန်ပျူတာ ဂိမ်းကို အလွန်အကျွံ ကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ ကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက် စေနိုင် ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်Óဏ်လုပ်ငန်းဆောင်တာကို နှေးစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တား ပေးပါတယ်။ ဒါ့အပြင် အရာရာကို ရှင်း ရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း လျော့ နည်းတတ် ပါသေးတယ်။
(၅) ဘာသာစကားအသစ် သင်ယူခြင်း
ဘာသာစကား အသစ်ကို သင်ယူ လေ့လာတာကလည်း ဦးနှောက်ကို လေ့ ကျင့်နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။ ဘာ သာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်မြင် နိုင်စွမ်း ပိုကောင်းလာတာကို သင် သတိ ပြုမိမှာပါ။
(၆) ဦးနှောက်ကောင်းစသည့် ဂိမ်းလေ့လာခြင်း
စကားလုံးတွေကို ဆက်ပြီး ကစား ရတဲ့ လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ ကျင့်ပေးပြီး မှတ်ဥာဏ်ထက်မြက်စေပါ တယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ် ကိုပါ လန်းဆန်းစေတဲ့အတွက် ဥာဏ်ရည် Óဏ်သွေးကို ကောင်းမွန်စေပါတယ်။
(၇) အနားယူရန် သင်ယူခြင်း
နောက်ဆုံး ဆိုပေမယ့် အရေးကြီးဆုံး တစ်ခုက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပူပင်သောက များတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်း ကို ထိခိုက်စေပြီး ကျန်းမာရေး အပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါ တယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများ တာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ် ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင် ပါတယ်။
Credit>>မြဝတီ

Wednesday, August 6, 2014
Henry "Trap"

"Trap"
Like a kitty in a cage
Like a puppy in a box on a plane
Like a driver I’m stuck in this lane
On this lane, yeah
I can’t seem to find a way
Like an employee on a minimum wage
Like a broken GPS can’t locate
Can’t locate, Oh
We started out fine, take look at us now
You leave me no choice and I gotta break out
But I’m, I’m Trapped I’m Trapped
And I’m losing it I find my inner self, try to stay true to it
Gotta make a way out, ‘cause you ain’t true to me, ain’t true to me, I’m Trapped I’m Trapped
And now you’re losing me We had a future and a plan
But you don’t stick to it You have changed, but I’m the same
I haven’t changed a bit, haven’t changed a bit I’m Trapped I’m Trapped
I’m Trapped Oh- I’m Trapped Oh-
Prisoner, I can’t escape
Where do I find the strength?
To break away from this ball and chain
This ball and chain
Everyday is same old same
Like I’m locked up and it drives me insane
Like a spider tryin’ to run from the rain
From the rain, Yeah
We started out fine, take look at us now
You leave me no choice and I gotta break out
But I’m, I’m Trapped I’m Trapped
And I’m losing it I find my inner self, try to stay true to it
Gotta make a way out, ‘cause you ain’t true to me, ain’t true to me, I’m Trapped I’m Trapped
And now you’re losing me We had a future and a plan
But you don’t stick to it You have changed, but I’m the same
I haven’t changed a bit, haven’t changed a bit I’m Trapped I’m Trapped
I’m Trapped Oh- I’m Trapped Yeah-
I wanna move on (wanna move on)
Why you make it so hard? (make it so hard)
For me to let go (need to let go)
Every time that you call (Every time that you call)
And I’m losing it I find my inner self, try to stay true to it
Gotta make a way out, ‘cause you ain’t true to me, ain’t true to me, I’m Trapped I’m Trapped
And now you’re losing me We had a future and a plan
But you don’t stick to it You have changed, but I’m the same
I haven’t changed a bit, haven’t changed a bit I’m Trapped I’m Trapped
And I’m losing it I find my inner self, try to stay true to it
Gotta make a way out, ‘cause you ain’t true to me, ain’t true to me, I’m Trapped I’m Trapped
And now you’re losing me We had a future and a plan
But you don’t stick to it You have changed, but I’m the same
I haven’t changed a bit, haven’t changed a bit I’m Trapped I’m Trapped
I’m Trapped Oh- Ooh- Ooh-
https://www.blogger.com/blogger.g?blogID=5055178253487378764#editor/target=page;pageID=2794349174872030550;onPublishedMenu=pages;onClosedMenu=pages;postNum=0;src=link
Gtalk အကောင့်တွေအများကြီး သုံးကြမယ်
Gtalk အကောင့်တွေအများကြီး သုံးချင်တဲ့သူတွေအတွက်ပါ..
တချို့ကြ အကောင့်ကို တပြိုင်တည်းအများကြီး ဖွင့်ချင်ကြတယ်
ချက်မယ်....ဘာညာသာသကာပေါ့ဗျာ...သူတို့အတွက်ပါ...
တော်တော်များများ သိပြီးသားလို့ထင်ပါတယ်....ဘာပဲဖြစ်ဖြစ် မသိသေးတဲ့သူတွေအတွက်ပါ..
Gtalk icon ကို select ပေး Right clip နှိပ် Properties ကိုသွား..
ကျလာတဲ့ဇယား SHORTCUT tab အောက်က Target ဆိုတဲ့ အကွက်ထဲမှာ
နောက်ဆုံးကို cursor ပေး space bar တချက်ခေါက်ပါ..
/nomutex ဒါကိုရိုက်ထည့်ပါ...
Apply နှိပ် Ok နှိပ် ..ရပါပြီ..
များများQနိုင်ကြပါစေ........
Download Gtalk
"ဖုန်းကိုင်သော သူများအတွက် သိထားသင့်သောအကြောင်းရာလေးများ”

ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး ၏ လျှို့ဝှက်ချက် ငါးခု
လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ
အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ
ရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်
ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့
ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့
ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက်
ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို
နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား
ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး
ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ဒီနည်းဟာ လူအများစုအတွက်
အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊
အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင်
အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်း
ကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်
ပါတယ်။
(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု
ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။
ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။
အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။
ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ
တယ်။
တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ
ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့Nokia ဖုန်း
အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International
Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ
အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue
tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်
ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime
ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက
*# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset
lockလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာ ဖြစ်ပါတယ်..
မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ

Viber Problems
မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေမှာ ဖြစ်ပေါ်လျှက်ရှိတဲ့ အခက်အခဲလေး
တွေနဲ့ပတ်သက်ပြီး Viber ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ Viber Support Team အဖွဲ့ဝင် Kira B မှ မေးမြန်းသမျှ အခက်အခဲတွေကို ပြန်လည်ဖြေကြားခဲ့
ပါတယ်။
Q - Computer မှာ Viber Version ဘယ်လိုမြှင့်ရပါသလဲ။
A - Desktop အတွက် Viber Update က အလိုအလျောက်ရောက်လာပါလိမ့်မယ်။ Update ရောက်လာပြီဆိုရင် Update Notification မြင်တွေ့ရမှာဖြစ်ပြီး Update ကို Download လုပ်မလား၊ မလုပ်ဘူးလားဆိုတာ မေးမြန်းပါလိမ့်မယ်။
Q - Viber ကနေ MP3 သီချင်းတွေ ပို့လို့ရလား။ Video တော့ရပြီး MP3 ကိုမတွေ့လို့ပါ။
A - ယခုအချိန်မှာ MP3 ဖိုင်တွေ ပို့လို့မရသေးပါဘူး။
Q - Viber ဖွင့်ချင်လို့ Code တောင်းရတာ အရမ်းခက်ပါတယ်။ ရက်တွေ အများကြီး စောင့်ရပါတယ်။ အဲဒါဘာ့ကြောင့်များလဲ။
A - Viber ကို Install လုပ်ပြီးလို့ Activation code တောင်းရတာ အဆင်မပြေဘူးဆိုရင်
(၁) Viber မှာထည့်သွင်းလိုက်တဲ့ Country Code မှန်မမှန်၊ ဖုန်းနံပါတ် မှန်မမှန် တစ်ခေါက်ပြန်စစ်ဆေးပါ။
(၂) မှန်ကန်တယ်ဆိုရင် စက္ကန့် (၆၀) အတွင်း Activation code ရောက်လာပါလိမ့်မယ်။
(၃) Viber Message ထဲဝင်ပြီး Code ရောက်မရောက် စစ်ဆေးပါ။
(၄) တကယ်လို့များ မရောက်လာသေးဘူးဆိုရင် အင်တာနက် ကွန်နက်ရှင်ကောင်းမကောင်း ပြန်လည် စစ်ဆေးပါ။
(၅) Wi-Fi ချိတ်သုံးတယ်ဆိုရင် Wi-Fi ကို အသေအချာ ပြန်ဖွင့်ပြီး Activation code ရောက်မရောက် ပြန်စစ်ပါ။
(၆) 3G/4G ဖုန်း Network တွေသုံးတယ်ဆိုရင် 3G/4G ဖွင့်ပြီး ပြန်စစ်ကြည့်ပါ။
(၇) နောက်ဆုံး ဖုန်းကို Restart ချပြီး ပြန်သုံးကြည့်ပါ။
Q - Viber မှာ Skype လို ရုပ်/သံ ၂ မျိုး ကြိုက်နှစ်သက်ရာနဲ့ ပြောလို့ရရင်
ကောင်းမှာပဲနော်။
A - Video call အတွက် စမ်းသပ်နေဆဲပါ။ အနာဂါတ်မှာ Video call တွေ
ခေါ်ဆိုနိုင်ပါလိမ့်မယ်။
Q - Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block လို့ရပါသလား။
A - Android ရဲ့ Viber ဗားရှင်း 4.2 မှာ Block List ပါလာပါပြီ။
http://bit.ly/18GjFwk မှာသွားပြီး Download ရယူနိုင်ပါတယ်။ iPhone နဲ့ Windows Phone 8 ဖုန်းတွေမှာ block feature ကိုသုံးနိုင်ဖို့ စမ်းသပ်ဆဲဖြစ် ပါတယ်။ ဖုန်းနံပါတ်တစ်ခုကို Block လိုက်မယ်ဆိုရင် ဘယ်နည်းနဲ့မှ Viber မှာ လာမဆက်သွယ်နိုင်တော့ပါဘူး။ သူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေ၊ Message
တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ Contact နံပါတ်တစ်ခုကို Block ဖို့အတွက် အောက်ကအချက်အနည်းငယ်ကို လိုက်လုပ်ဖို့ လိုပါတယ်။
(၁) ကိုယ်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ကိုယ့်ကို Message ပို့လာလို့ Block ချင်တယ်ဆိုရင် Message Box ရဲ့အပေါ်ဘက်မှာ ရွေးချယ်စရာ Option နှစ်ခုရှိပါတယ်။ အဲဒီဖုန်းနံပါတ်ကို Contact list ထဲထည့်မှာလား၊ Block လိုက်မှာလားဆိုတာ ရွေးချယ်နိုင်ပါတယ်။
(၂) Group ထဲက User တစ်ယောက်ယောက်ကို Block ချင်တဲ့အခါ ပထမဆုံး Group ထဲဝင်လိုက်ပါ။ ဖုန်း Screen ကို ဘယ်ဘက်ကို လက်နဲ့ရွှေ့လိုက်ပြီး Contact ကိုရွေးချယ်ပါ။ Device Menu ကိုသွားပါ။ ပြီးရင် Block ဆိုတာကို ရွေးပေးလိုက်ပါ။ တစ်ခုရှိတာက Group မှာသူ့ကို Block လိုက်ပေမယ့် သင့်ရဲ့လုပ်ဆောင်ချက်တွေကိုတော့ သူမြင်တွေ့ရဦးမှာပါ။ သင်လည်း သူ့ရဲ့ Group အတွင်း လုပ်ဆောင်ချက် တွေကို မြင်တွေ့ရဦးမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ Block feature ကို တစ်ယောက်ချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ အတွက်ပဲ အသုံးချနိုင် သေးတာကြောင့်ပါ။
(၃) သင့် Contact နံပါတ်တွေထဲမှာ ရှိတဲ့သူတစ်ယောက်ကို Block လိုတယ်ဆိုရင် ဖုန်းရဲ့ Screen ကို ဘယ်ဘက်သို့ရွှေ့လိုက်ပြီး Device Menu ကိုသွားပါ။ ပြီးရင် Block ကိုရွေးချယ်ပေးလိုက်ပါ။ နောက်တစ်နည်းက Viber Settings > Privacy > Block List > Block number ကိုသွားပြီး Block ရင်လည်း ရပါတယ်။
Q - ဒါဆိုရင် Block လုပ်ထားတဲ့ Contact ကို Unblock ပြန်လုပ်လို့ရလား။
A - ရပါတယ်။ ပထမဆုံး More Options Menu ကိုသွားပါ။ ပြီးရင် Settings > Privacy > Block List ထဲကိုဝင်ပြီး Unblock ပြန်လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ရှာလိုက်ပါ။ နောက်ဆုံး Unblock လုပ်နိုင်ပါပြီ။
Q - ကိုယ် Block လိုက်တာကို သူတို့တွေ သိနိုင်သလား။
A - မသိနိုင်ပါဘူး။ သူတို့ကို Block လိုက်ပေမယ့် Viber က သူတို့တွေဆီကို ဘယ် Message မှ မပို့ပါဘူး။ သူတို့တွေက သင့်ဆီကို ပုံမှန်အတိုင်း Message တွေ ပို့ပါလိမ့်မယ်။ ဒါပေမယ့် သင်ဆီကိုတော့ ရောက်လာမှာ မဟုတ်ပါဘူး။
Q - ဒါဆိုရင် ကိုယ့်ကို Block လိုက်တယ်ဆိုတာကိုရော သိနိုင်လား။
A - Viber ရဲ့ User Privacy အရ ဘယ်သူတွေက ကိုယ့်ကို Block လုပ်လား၊ မလုပ်လားဆိုတာ သိခွင့်မပေးထားပါဘူး။
Q - Viber Message တွေကို Back up လုပ်လို့ရပါသလား။
A - Message History တွေကို Back up လုပ်မယ်ဆိုရင် Viber ကိုအရင်ဆုံးဖွင့်လိုက်ပါ။ More options ထဲသွားပြီး Settings ထဲက Email message history ဆိုတာကို နှိပ်လိုက်တာနဲ့ Backup file ကို Create လုပ်ပါလိမ့်မယ်။ အဲဒီမှာ Email ထဲပေးပို့လိုတဲ့ Application ကို ရွေးချယ်ပေးရပါမယ်။
Q - Viber Out ခေါ်ဆိုဖို့အတွက် Credit Card ကိုအဆင်ပြေပြေ ဝယ်လို့ရချင်ပါတယ်။
A - Viber Out အတွက် Credit Card ဝယ်ချင်တယ်ဆိုရင် http://bit.ly/HKZzVc မှာသွားပြီး အကောင့်အသစ်တစ်ခုဖွင့်ပြီး Register လုပ်ရမှာပါ။ Visa, MasterCard, American Express တွေနဲ့ ဝယ်လို့ရပါတယ်။ လက်ရှိမှာတော့ PayPal နဲ့ အကောင့်နဲ့ ငွေပေးချေခြင်းကို ခေတ္တရပ်နားထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပြန်လည်အသုံးပြုနိုင်တော့မှာပါ။
Credit>>Techspace
Wednesday, May 21, 2014
Lily Allen ရဲ့ Air Balloon သီချင်းလေး
Lily Allen ရဲ့ Air Balloon သီချင်းလေးတင်ပေးလိုက်ပါတယ်..
Lily Allen ကလည်း မိခင်တစ်ယောက် အနေနဲ့ အလုပ်တွေ ရှုပ်နေတော့ သီချင်းတွေ
ထပ်မထွက် လာတာ ကာလတစ်ခု ရှိနေပါပြီ။ အခု Air Balloon သီချင်းနဲ့ ပြန်လာပါပြီ။
အသက် ၁၅နှစ် အရွယ်ကတည်းက ကျောင်းထွက်ပြီး သီချင်းတွေ စလုပ်လာတဲ့
သူမကဒီ MTV ထဲမှာ ကလေးလေး တစ်ယောက်လို ပါပဲ။
နေရောင်ခြည် ဖြာနေတဲ့ တောင်အာဖရိက Cape Town က Safari ဥယျာဉ်မှာ ကနေ အာကာသ ထဲကို လွှင့်မျှော သွားမယ့်
Lily Allen ရဲ့ Air Balloon ကိုနားဆင် ခံစားကြည့် ပါဦး။
Subscribe to:
Posts (Atom)